ဖုန်းဆက်မေးမြန်းရန် 0120-266-078
ငှားရမ်းခ ယန်း20,000 မှစတင်သည့် Village House

ကျွန်ုပ်တို့၏ ပရိုမိုးရှင်းအသစ်များကိုကြည့်ပါ  ပရိုမိုးရှင်းများသို့ သွားပါ

Family

"စပေါ်ငွေ၊ ကျေးဇူးတင်ငွေ၊ သက်တမ်းတိုးခ နဲ့ အကျိုးဆောင်ခတွေ မရှိတာက အရမ်းကိုကောင်းတဲ့အချက်မို့လို့ ကျွန်မရဲ့ သူငယ်ချင်းကိုလည်း အကြံပေးပြီး အတူတူပြောင်းရွှေ့နေထိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။"

— Chiba ခရိုင် Village House တွင် နေထိုင်သူတစ်ဦး

ဂျပန်နိုင်ငံတွင် ဈေးနှုန်းသက်သာသော တိုက်ခန်းများ ငှားရမ်းခြင်း

ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့ပြီး တိုက်ခန်းငှားဖို့ လိုအပ်ပါသလား။ Village House နှင့်ဆိုလျှင် ဂျပန်နိုင်ငံတွင် တိုက်ခန်းငှားရတာ အလွယ်လေးပါပဲ။

ဇိမ်ကျပြီး ဈေးနှုန်းသင့်တော်သော အခန်း 1 ခန်းပါ တိုက်ခန်း ရှာနေတာဖြစ်စေ၊ ဈေးနှုန်းသက်သာပြီး ဇိမ်လည်းကျသော နေစရာတစ်ခုခု ရှာနေတဲ့ ကျောင်းသားပဲဖြစ်စေ၊ ဂျပန်နိုင်ငံမှာ ရွှေ့ပြောင်းအခြေချရန် စဉ်းစားနေသော နိုင်ငံခြားသားတစ်ယောက်ဖြစ်စေ၊ ဂျပန်နိုင်ငံမှာ တခြားမြို့တစ်မြို့ကို ပြောင်းချင်တာပဲဖြစ်စေ၊ ကျွန်ုပ်တို့မှာ ကားပါကင်ကနေ အိမ်မွေးတိရစ္ဆာန်မွေးမြူရန် ခွင့်ပြုသည့် အစစအရာရာ အဆင်ပြေသည့် အငှားတိုက်ခန်းများစွာရှိပါတယ်။ ကျွန်ုပ်တို့ တိုက်ခန်းတွေဟာ နိုင်ငံခြားသား (Gaijin) နဲ့ သင့်တော်တာကတော့ ပြောဖို့တောင်မလိုတော့ပါဘူး။ ကျွန်ုပ်တို့ရဲ့ စာရင်းထဲမှာ ပါဝင်တဲ့ အထပ်မြင့်တိုက်ခန်း၊ တိုက်ခန်းတွဲနဲ့ အဆင့်မြင့်တိုက်ခန်းကို ရှာဖွေကြည့်ရှုကာ သက်သာသောနှုန်းထားနဲ့ ဒီနေ့ပဲ ရယူလိုက်ပါ။

Village House ရဲ့ တိုက်ခန်းအားလုံးဟာ ငှားရမ်းဖို့ဖြစ်ပါတယ်။ အဆင့်မြင့်တိုက်ခန်းရဲ့ စတူဒီယိုပုံစံအခန်း ဒါမှမဟုတ် တစ်ယောက်ခန်းတစ်ခန်းကို အခုပဲ ငှားလိုက်ပါ။

အငှားတိုက်ခန်း ကူညီရှာဖွေပေးခြင်း

ဂျပန်နိုင်ငံတွင် နေထိုင်လိုသော်လည်း အိမ်ငှားရန်နေရာတစ်ခု ရှာမတွေ့ဘူးလား။ အထောက်အကူပြုနိုင်သည့် လွယ်ကူလျင်မြန်သော လမ်းညွှန်တစ်ခု ကျွန်ုပ်တို့မှာ ရှိပါသည်။

ဂျပန် အိမ်ရာအခေါ်အဝေါ်များကို နားလည်အောင်လေ့လာခြင်း

ဒါဖြင့်၊ တိုက်ခန်းများနှင့် ကွန်ဒိုများကို ငှားရန် ရှာဖွေသည့်အခါ 1DKနှင့် 3LDKအစရှိသော စကားလုံးများကိုမြင်ဖူးပြီး ဘယ်လိုအရာလဲဆိုတာကို သိပါသလား။
R:Room အခန်း
K:Kitchen မီးဖိုချောင်အခန်း
D:Dining ထမင်းစားခန်း
L:Living ဧည့်ခန်း
S:Service Room ပစ္စည်းထားသိုခန်း

ပါဝင်သောကိန်းဂဏာန်း၏အဓိပ္ပာယ်ကိုရှင်းပြပါရစေ။

「1LDK」ကိုဥပမာအနေဖြင့်ကြည့်ကြည့်ရအောင်။ 「1」သည်မှာ「LDK」အခြားအခန်းအရေအတွက်ဖြစ်သည်။
တစ်နည်းအားဖြင့် ဒီ‌အခြေနေတွင် 「1LDK」သည် 「အခန်း1ခန်း」+「ဧည့်ခန်း」+「ထမင်းစားခန်း」+「မီးဖိုချောင်」
အခန်းဖွဲ့စည်းမှုဖြစ်သည်။ဤအကြောင်းအရာကို သိထားမယ်ဆိုလျှင် အခန်းရှာဖွေဖို့ရန် လွယ်ကူစွာ လုပ်ဆောင်နိုင်ပါမည်။


ကျွန်ုပ်၏အနီးအနားရှိ တိုက်ခန်းငှားရန် ရှာဖွေခြင်း

တကယ်တော့ အသင့်တော်ဆုံး နေရာတစ်ခုသည် သင့်အလုပ် သို့မဟုတ် ကျောင်းနှင့် နီးနီးနားနား ရှိသင့်ပါသည်။

နေထိုင်စရာနေရာတစ်ခုတွင် အခြေမချမီ Village House ရှိ ကျွန်ုပ်တို့၏ တိုက်ခန်းများကို မြေပုံဖြင့် ရှာဖွေပြီး အနီးအနားရှိ အကွာအဝေးနှင့် သယ်ယူပို့ဆောင်ရေး နည်းလမ်းများကို လေ့လာပါ။ ထိုနေရာအနီးတဝိုက်ရှိ အဆင်ပြေပြီးအထောက်အကူဖြစ်သည့်နေရာများကိုလည်း မှတ်သားထားပါ။

အကယ်၍ "ကျွန်ုပ်အနီးရှိ ဈေးချိုသော အခန်း 1 ခန်းပါ တိုက်ခန်းများ" ကို သင်ရှာဖွေနေလျှင် Village House သည် သင့်အတွက် အသင့်ရှိနေပါသည်။ သင့်အနီးရှိ အိမ်ရာများကို ကြည့်ရှုရန် ကျွန်ုပ်တို့၏ စာရင်းတွင် ဝင်ကြည့်ပါ.. အလိုရှိလျှင် "ကျွန်ုပ်အနီးရှိ အခန်း 2 ခန်းပါ တိုက်ခန်းများ" ကိုလည်း ရှာဖွေနိုင်ပါသည်။ အကယ်၍ ပိုကျယ်သော တိုက်ခန်းတစ်ခန်း သို့မဟုတ် ပို၍သက်တောင့်သက်သာဖြစ်ပြီး ရွေးစရာများများ အလိုရှိပါက "ကျွန်ုပ်အနီးရှိ စုပေါင်းနေထိုင်သော အခန်းများ" ဟု ရှာနိုင်ပါသည်။ ကျွန်ုပ်တို့၏ ရှာဖွေစစ်ထုတ်မှုများကို သုံးပြီး အခန်းအရွယ်အစားကိုလည်း ရွေးချယ်နိုင်ပါသည်။

အိမ်တစ်အိမ်တွင် အခြေမချမီ အခြားနေထိုင်သူများကို ထည့်စဉ်းစားခြင်း

သင်က တစ်ဦးတည်း နေထိုင်မလား။ ဇနီးမောင်နှံလား သို့မဟုတ် မိသားစုဖြင့်နေထိုင်မလား။

အိပ်ခန်း 1 ခန်း၊ ရေချိုးခန်း 1 ခန်းပါသော တိုက်ခန်းများသည် မိသားစုတစ်စုအတွက် ကျဉ်းလွန်းပါသည်။ “ကျွန်ုပ်အနီးရှိ ဈေးသက်သာသော အိပ်ခန်း 3 ခန်းပါ တိုက်ခန်းများ" ဟု ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်တွင် ရှာဖွေကာ ပို၍ကျယ်ဝန်းသော၊ မိသားစုနှင့် ပို၍သင့်တော်သော တိုက်ခန်းများကို သင်ရှာဖွေရန် လိုအပ်နိုင်ပါသည်။ ငွေကြေးတတ်နိုင်ပါက အိမ်မွေးတိရစ္ဆာန်များမွေးမြူရန်အတွက်သင့်တော်ပြီး အကြိုက်တွေ့စေမည့်ကျယ်ဝန်းသော အဆင့်မြင့်တိုက်ခန်းတခုခုကို ရွေးချယ်ပါ။ သင်ငှားရမ်းဖို့ စဉ်းစားနေသော တိုက်ခန်းသည် အိမ်မွေးတိရစ္ဆာန်မွေးမြူရန် ခွင့်ပြုသလား သိရအောင် ကျွန်ုပ်တို့ကို မေးမြန်းကြည့်ပါ။

သင်တစ်ဦးတည်းနေထိုင်မည်ဆိုပါက ပို၍ဈေးသက်သာသော တစ်ယောက်ခန်း တိုက်ခန်းများကိုရှာပါ။

ဂျပန်နိုင်ငံတွင် တိုက်ခန်းရှာဖွေရာတွင် အမေးများသော မေးခွန်းများ

  1. Q

    1. နိုင်ငံခြားသားများသည် ဂျပန်နိုင်ငံတွင် တိုက်ခန်းငှား၍ ရပါသလား။

    A

    လိုရင်းတိုရှင်း ဖြေရလျှင်- ငှားနိုင်ပါသည်။ သို့သော် ကုမ္ပဏီပေါ်တွင် မူတည်၍ စည်းကမ်းချက်များ မတူညီပါ။

    Village House တွင် ကျွန်ုပ်တို့၏ တိုက်ခန်းအားလုံးကို နိုင်ငံခြားသားများအတွက် ငှားရမ်းပါသည်။ ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားများနှင့် သင့်တော်သော တိုက်ခန်းအမျိုးမျိုးကို ကျွန်ုပ်တို့ ထောက်ပံ့ပေးထားပါသည်။ ကျွန်ုပ်တို့ ကမ်းလှမ်းထားသည့် အငှားတိုက်ခန်းများကို အကျိုးဆောင်ခ မယူရုံသာမက ကျွန်ုပ်တို့ဆီမှာ အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းများမှစ၍ ကျဉ်းပေမဲ့သက်တောင့်သက်သာရှိသော အိပ်ခန်းတစ်ခန်းပါ တိုက်ခန်းများနှင့် အဆင့်မြင့်တိုက်ခန်းများအထိ ရွေးချယ်စရာတိုက်ခန်းအရွယ်အစားအမျိုးမျိုး ရှိပါသည်။

    သင့်ဖုန်းမှတဆင့် ကျွန်ုပ်တို့အငှားတိုက်ခန်းများ၏ ပတ်ဝန်းကျင်အခြေအနေကို လေ့လာနိုင်ပါသည်။

  2. Q

    2. အလည်အပတ်လာသည့် နိုင်ငံခြားသားများ သို့မဟုတ်‌ လက်ရှိနေထိုင်နေသည့် နိုင်ငံခြားသားများသည် ဂျပန်နိုင်ငံတွင် မည်မျှကြာအောင်နေထိုင်နိုင်ပါသလဲ။

    A

    သင့်မှာ ဂျပန်နိုင်ငံပတ်စ်ပို့မရှိလျှင် သင့်နေထိုင်မှုကာလသည် သင့်ခရီးစဉ်၏ ရည်ရွယ်ချက်ပေါ်တွင် မူတည်ပါသည်။ ယာယီအလည်အပတ်လာသူများသည် ပျမ်းမျှအားဖြင့် ရက် 90 နေထိုင်နိုင်ပါသည်။ ဂျပန်နိုင်ငံ၏ အလုပ်အကိုင် ဗီဇာများမှာ ပုံမှန်အားဖြင့် တစ်နှစ်၊ သုံးနှစ် သို့မဟုတ် ငါးနှစ် ပေးပါသည်။

    ရေရှည် နေထိုင်ရန်အတွက် နိုင်ငံခြားသား များနှင့် သင့်တော်သော တိုက်ခန်းတစ်ခု ရှာဖွေသောအခါ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ကို ရယူအသုံးချကာ ဈေးသက်သာသော ရေရှည်ငှားရမ်းမှု ပြုလုပ်ရန် တိုက်ခန်းများကို ရှာဖွေပါ။ "မိမိ၏အနီးရှိ ရေရှည်ငှားရမ်းနိုင်သည့်တိုက်ခန်းများ ငှားရန်" ဟု စာရိုက်ရှာပြီး သင်ကြိုက်နှစ်သက်ရာ နေထိုင်စရာနေရာတစ်ခုကို ရှာဖွေပါ။

  3. Q

    3. ဂျပန်နိုင်ငံတွင် အခန်းငှားရမ်းခ ပျမ်းမျှကုန်ကျစရိတ် ဘယ်လောက်လဲ။

    A

    ဘယ်လို တိုက်ခန်းအမျိုးအစားဆိုရင် တတ်နိုင်မလဲ။ ဂျပန်နိုင်ငံမှာ အခန်းငှားရမ်းခ ပျမ်းမျှဘယ်လောက်လဲ" လို့ သင်တွေးကောင်း တွေးနေနိုင်ပါသည်။

    ဒေသအလိုက် တိုက်ခန်းငှားခ ဈေးနှုန်းများမှာ တစ်မြို့နှင့်တစ်မြို့ မတူသလို သင့်နေထိုင်မှု ကာလပေါ်တွင်လည်း မူတည်ပါသည်။

    Village House တွင် ကျွန်ုပ်တို့သည် ကနဦးကုန်ကျစရိတ် နည်းပါးခြင်း၊ အာမခံ စပေါ်ငွေ၊ သက်တမ်းတိုးခ၊ အကျိုးဆောင်ခ သို့မဟုတ် ကျေးဇူးတင်ငွေ မရှိခြင်းတို့ကြောင့် သင်သည် သက်သာသော ဈေးနှုန်းများ ရရှိနိုင်ကာ ဂျပန်နိုင်ငံ၏ အဓိက မြို့ကြီးများနှင့် မြို့ငယ်များရှိ နေအိမ်များတွင် နေထိုင်နိုင်ပါသည်။

    ကျွန်ုပ်တို့၏ စျေးနှုန်းသင့်တော်သော တိုက်ခန်းများသည် ဂျပန်နိုင်ငံ၌ အဆင်ပြေသော နေထိုင်မှု ဖြစ်အောင်လိုအပ်သော အသုံးအဆောင်များ ဖြည့်ဆည်းထားသောကြောင့် ကုန်ကျစရိတ်များအပေါ် သင်စိုးရိမ်စရာ မလိုပါ။

    အကယ်၍ ဂျပန်နိုင်ငံတွင် ဈေးနှုန်းသက်သာသော တိုက်ခန်းများကို ငှားရန်ရှာဖွေနေပါက ကျွန်ုပ်တို့၏ ဈေးနှုန်းအသက်သာဆုံးဖြင့် ငှားရမ်းနိုင်မည့် နေအိမ်နှင့် အခန်းများအတွက် ပရိုမိုးရှင်းများကို ဝင်ကြည့်နိုင်ပါသည်။

    သိလိုသော တိုက်ခန်းများအတွက် အသေးစိတ်ဖော်ပြချက်များကို ကြည့်ပါ သို့မဟုတ် ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့ထံသို့ ဆက်သွယ်ပေးပါ။

    *စာချုပ်ပါအသေးစိတ်အချက်အလက်နှင့် စီစစ်မှုရလဒ်များအပေါ် မူတည်၍ စပေါ်တင်ရန် လိုအပ်နိုင်ပါသည်။

  4. * ခရက်ဒစ်ချက်လက်မှတ်ရလဒ်များနှင့် စာချုပ်အသေးစိတ်အချက်အလက်များအပေါ် မူတည်၍ အပ်ငွေလိုအပ်နိုင်ပါသည်။

ဖုန်းဆက်
မေးမြန်းရန်
ဖုန်းဆက်မေးမြန်းရန် 0120-266-078