အမေးများသော မေးခွန်းများ
- စပေါ်ငွေ မလို
- အကျိုးဆောင်ခ မလို
- သက်တမ်းတိုးခမလို
- ကျေးဇူးတင်ငွေ မလို
* စာချုပ်ပါ အကြောင်းအရာပေါ် မူတည်၍ စပေါ်တင်ရန် လိုအပ်နိုင်ပါသည်။
ငွေပြန်အမ်းမည်
စပေါ်ငွေ မလို၊ ကျေးဇူးတင်ငွေ မလို ၊ သက်တမ်းတိုးခ မလို၊ အကျိုးဆောင်ခ မလို။
Village House တွင် အဆင်ပြေပြေနှင့် သက်သောင့်သက်သာရှိသော အခန်းတစ်ခန်း ရှာဖွေလိုက်ပါ။
Village House သည် လွယ်ကူသော လုပ်ထုံးလုပ်နည်းများ၊ အလွန်တန်သော ဈေးနှုန်းများဖြင့် အရည်အသွေးမြင့်ငှားရမ်းနိုင်သောအိမ်ရာများ ဝန်ဆောင်မှု ပေးထားပါသည်။ ဂျပန်နိုင်ငံရှိ ခရိုင် 47 ခုမှ နေရာပေါင်း1,000 ကျော်ရှိ ကျွန်ုပ်တို့၏ အိမ်ခြံမြေကိုရွေးချယ်၍ နေထိုင်မှုဘဝအသစ်တစ်ခုကိုစတင်လိုက်ပါ။
※အချို့သောအိမ်ရာများသည် ငွေပြန်အမ်းမှုပရိုမိုးရှင်းနှင့် မသက်ဆိုင်ပါ
※အချို့သောအိမ်ရာများသည် အခမဲ့ အိမ်ငှားခပရိုမိုးရှင်းနှင့် မသက်ဆိုင်ပါ
※အိမ်ရာများအားလုံးသည် အိမ်မွေးတိရစ္ဆာန်များမွေးမြူရန် ခွင့်ပြုထားသည်ဟု မဆိုလိုပါ
*Village House က ပြုလုပ်ထားသည့် စစ်တမ်း

| စာချုပ်ချုပ်ဆိုခ | စပေါ်ငွေ | ကျေးဇူးတင်ငွေ | အကျိုးဆောင်ခ | သော့ပြောင်းလဲခ | ယခုလအတွက် အချိုးကျ နေ့စဉ်အိမ်ငှားခ | နောက်လ အိမ်ငှားခ | နောက်ထပ်တစ်လ အိမ်ငှားခ | |
| ကုမ္ပဏီ A | ယန်း 242,000 | ယန်း45,000 | ယန်း45,000 | ယန်း49,500 | ယန်း11,000 | ယန်း1,500 | ယန်း45,000 | ယန်း45,000 |
| ကုမ္ပဏီ B | ယန်း152,000 | ယန်း0 | ယန်း0 | ယန်း49,500 | ယန်း11,000 | ယန်း1,500 | ယန်း45,000 | ယန်း45,000 |
| ကုမ္ပဏီ C | ယန်း91,500 | ယန်း0 | ယန်း0 | ယန်း0 | ယန်း0 | ယန်း1,500 | ယန်း45,000 | ယန်း45,000 |
| Village House | ယန်း16,500 | ယန်း0 | ယန်း0 | ယန်း0 | ယန်း0 | ယန်း1,500 | ယန်း15,000 | ယန်း0 |
| *ယန်း45,000တန် အိမ်ငှားခအတွက် အချိုးကျ နေ့စဉ်အိမ်ငှားခ | သင့်အတွက် ပြောင်းရွှေ့ရန် ယန်း30,000 အထိ အကူအညီ | 1 လစာ အခမဲ့အိမ်ငှားခ | ||||||
| ကုမ္ပဏီ A | ကုမ္ပဏီ B | ကုမ္ပဏီ C | Village House | |
| စာချုပ်ချုပ်ဆိုခ | ယန်း242,000 | ယန်း152,000 | ယန်း91,500 | ယန်း16,500 |
| စပေါ် | ယန်း45,000 | ယန်း0 | ယန်း0 | ယန်း0 |
| အကျိုးဆောင်ခ | ယန်း45,000 | ယန်း0 | ယန်း0 | ယန်း0 |
| ပွဲစားခ | ယန်း49,500 | ယန်း49,500 | ယန်း0 | ယန်း0 |
| သော့ပြောင်းလဲခ | ယန်း11,000 | ယန်း11,000 | ယန်း0 | ယန်း0 |
| ယခုလအတွက် အချိုးကျ နေ့စဉ်အိမ်ငှားခ | ယန်း1,500 | ယန်း1,500 | ယန်း1,500 | ယန်း1,500 |
| နောက်လ အိမ်ငှားခ | ယန်း45,000 | ယန်း45,000 | ယန်း45,000 | ယန်း15,000 |
| နောက်ထပ်တစ်လ အိမ်ငှားခ | ယန်း45,000 | ယန်း45,000 | ယန်း45,000 | ယန်း0 |
| *ယန်း45,000တန် အိမ်ငှားခအတွက် အချိုးကျ နေ့စဉ်အိမ်ငှားခ | ||||
| သင့်အတွက် ပြောင်းရွှေ့ရန် ¥30,000 အထိ အကူအညီ | 1 လစာ အခမဲ့အိမ်ငှားခ | |||
*မည်သည့် အိမ်ခြံမြေများက ယန်း30,000 အပြည့်အဝ ငွေပြန်အမ်းမှုနှင့် အိမ်ငှားခ 1 လ အခမဲ့ ရရှိမည်ကို ကျွန်ုပ်တို့၏ နေထိုင်မှုအကြံပေးစင်တာသို့ မေးမြန်းအတည်ပြုပါ။
*စာချုပ်သက်တမ်း 2 နှစ် မပြည့်မီ စာချုပ်ပယ်ဖျက်လျှင် စာချုပ်ဖျက်သိမ်းခ ကောက်ခံမည်ဖြစ်ကြောင်း သတိပြုစေလိုပါသည်။
*မီးအာမခံကြေး ပါဝင်ပါမည်။
ဒါ့ကြောင့်လည်း Village House ၏ အိမ်ပြောင်းရွှေ့မှု ၀န်ဆောင်မှုက ထူးခြားနေခြင်းဖြစ်ပါသည်။
- စပေါ်ငွေ၊ ကျေးဇူးတင်ငွေ သို့မဟုတ် အကျိုးဆောင်ခများ မလိုအပ်ပါ။
- သင်ပြောင်းရွှေ့ပြီးနောက်တွင်လည်း သင့်အိမ်ငှားခကို ကျွန်ုပ်တို့ပံ့ပိုးပေးမည်
ယန်း30,000 အထိ ငွေပြန်အမ်းမှု
ကနဦး ကုန်ကျစရိတ်မှ ယန်း30,000 အထိ ဈေးလျှော့ပေးမှု
1 လစာ အခမဲ့အိမ်ငှားခ
တတိယလ အိမ်ငှားခ အခမဲ့ရယူပါ။ စတုတ္ထလမှ စတင်၍ အိမ်ငှားခပေးပါ (တတိယလတွင် ကောက်ခံသည်)
- အချိုးကျ ယခုလ အိမ်ငှားခ (စက်တင်ဘာ) ယန်း24,000
- နောက်လ အိမ်ငှားခအတွက် ကြိုတင်ပေးချေမှု (အောက်တိုဘာ)ယန်း45,000
- ငွေပြန်အမ်းမှု ယန်း30,000
- မီးအာမခံကြေးယန်း10,000
- ကနဦး ကုန်ကျစရိတ် စုစုပေါင်း ယန်း49,000
※အချို့သောအိမ်ရာများသည် ငွေပြန်အမ်းမှုပရိုမိုးရှင်းနှင့် မသက်ဆိုင်ပါ
※အချို့သောအိမ်ရာများသည် အခမဲ့ အိမ်ငှားခပရိုမိုးရှင်းနှင့် မသက်ဆိုင်ပါ
※အိမ်မွေးတိရစ္ဆာန် ပါဝင်သော အိမ်ငှားများအတွက်စပေါ်ငွေ လိုအပ်ပါသည်။

Village House ၏ ဝက်ဘ်ဆိုက်တွင် သင့်လိုအပ်ချက်များနှင့် ကိုက်ညီသော အိမ်ခြံမြေကို ရှာပါ။
သင်စိတ်ဝင်စားသော အိမ်ခြံမြေအကြောင်း သိရှိရန် ဖုန်းဖြင့်လည်းကောင်း၊ "ယခုပဲ စုံစမ်းပါ" ကိုနှိပ်၍လည်းကောင်း ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။ အလျင်လို၍ဖြစ်စေ သို့မဟုတ် အခန်းကို ကြည့်ရှုလို၍ဖြစ်စေ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ကျွန်ုပ်တို့ထံ ဖုန်းဖြင့်ဆက်သွယ်ပါ။

Village House တွင် သင့်လိုအပ်ချက်နှင့်ကိုက်ညီသော အမျိုးမျိုးသောအစီအစဥ်ပေါင်းများစွာရှိပါသည်။အဆင့်သင့်ပြောင်းရွှေ့၀င်ရောက်နေထိုင်နိုင်သော အခန်းများမှစ၍ အခန်းဖွဲ့စည်းပုံပြောင်းလဲထားသော အစီအစဥ်အထိ ရွေးချယ်စရာများရှိပါသည်။ သင့်နေထိုင်မှုပုံစံနှင့် အကိုက်ညီဆုံး ရွေးချယ်မှုများကို ပြုလုပ်လိုက်ပါ။

အခန်းသွားကြည့်ရန် နေ့ရက်နှင့်အချိန်အား ချိန်းဆိုစီစဉ်ထားပြီးနောက်တွင် ထိုအိမ်သို့ သင်ကသွားရောက်လေ့လာစစ်ဆေးနိုင်ပါသည်။ အခန်းအရွယ်အစားနှင့် အလင်းရောင်ရရှိမှုကို ကြည့်ရှုပါ။ ပတ်ဝန်းကျင်ကို လေ့လာပါ။ ထိုနေရာရှိပတ်၀န်းကျင် အနေအထားကို ခံစားကြည့်ပါ။
အခန်းကြည့်ရန်စီစဉ်ထားသော အချိန်ထက် မိနစ် 30 ကျော်လွန်သွားပြီး ရောက်မလာလျှင် မန်နေဂျာသည် တခြားချိန်းဆိုချက်တစ်ခုသို့ ပြောင်းသွားမည်ဖြစ်ပြီး သင်ထပ်မံသွားကြည့်ချင်ပါက ထပ်မံချိန်းဆိုစီစဉ်ရပါမည်။

အခန်းကြည့်ရှုစစ်ဆေးသောနေ့တွင် စာရွက်စာတမ်း အားလုံး ယူလာပါက ထိုနေရာမှာပင် လျှောက်ထားမှု ဆက်လုပ်၍ရနိုင်ပါသည်။
လျှောက်ထားမှုသည် စီစစ်ရွေးချယ်မှု လုပ်ငန်းစဉ်ကို ကျော်ဖြတ်သွားပါက နောက်တစ်ဆင့်မှာ စာချုပ်လက်မှတ်ရေးထိုးရန် ဖြစ်ပါသည်။

သင့်စာချုပ် အပြီးသတ် ချုပ်ဆိုပြီးနောက် အိမ်ပြင်ဆင်မှု ပြီးသွားသည်နှင့် သင်ပြောင်းရွှေ့နိုင်ပါသည်။
မဲနှိုက်ရွေးချယ်သည့်စနစ် မရှိသဖြင့် အခန်းလွတ်နေပါက ချက်ချင်း ပြောင်းရွှေ့နိုင်ပါသည်။
ကနဦးကုန်ကျစရိတ်အဖြစ် အောက်ပါအခကြေးငွေများကို လိုအပ်ပါသည်။
1. စာချုပ်၏ ပထမလအတွက် အချိုးကျ နေ့စဉ်အိမ်ငှားခ (ရက်ပေါင်း 30စာ အထွေထွေ၀န်ဆောင်ခ အပါအဝင် တစ်လစာတွက်ချက်သည်။)
2. ဒုတိယလအတွက် အိမ်ငှားခ (အထွေအထွေ၀န်ဆောင်ခ အပါအဝင်)
3. ယန်း10,000 မှစတင်သော အာမခံကြေး (2 နှစ်စာ)
※ မီးအာမခံဝယ်ယူခြင်းမှာ မဖြစ်မနေ လိုအပ်ပါသည်။
※ ကနဦးကုန်ကျစရိတ်သည် စာချုပ်စည်းကမ်းချက်များနှင့် အရောင်းမြှင့်တင်ပွဲအပေါ် မူတည်၍ ပြောင်းလဲပါမည်။
လျှောက်ထားမှု အချက်အလက်နှင့် အကဲဖြတ်စစ်ဆေးမှု ရလဒ်အပေါ် မူတည်၍ အာမခံစပေါ် ကောက်ခံနိုင်ပါသည်။
※ကုမ္ပဏီစာချုပ်များအတွက် (အိမ်ငှားခဈေးနှုန်းအပါအဝင်နှင့် စာချုပ်စည်းကမ်းချက်များ ) ကွဲပြားနိုင်သောကြောင့် Sumai Soudan Center (နေထိုင်မှုအကြံပေးစင်တာ) သို့ တိုက်ရိုက်ဆက်သွယ်ပေးပါ။
အိမ်ငှားခတွင် အနည်းငယ် တိုးပေးကာ ပေါင်းထည့်နိုင်သော ရွေးချယ်စရာများကို သင်တောင်းဆိုနိုင်ပါသည်။
・အဲကွန်း- ယန်း1,000 / 1 ယူနစ်
・ရေပူရေအေး (မီးဖိုချောင်)- ယန်း1,000
・ဂက်စ်မီးဖို- ယန်း1,000
・ပစ္စည်းများပါထည့်ထားနိုင်သည့် မျက်နှာသစ်ဘေစင် - ယန်း1,000
・ရေပန်းပါသည့် ဘိုထိုင်အိမ်သာ- ယန်း1,000
※တိုက်ခန်းပေါ် မူတည်ကာ အချို့ရွေးချယ်စရာများကို တပ်ဆင်၍ မရနိုင်ပါ။
* ရွေးချယ် တပ်ဆင်မှုများသည် ပြောင်းရွှေ့ပြီးနောက် 4 ပတ်အထိ ကြာမြင့်နိုင်ပါသည်။
အိမ်အပေါ် မူတည်ပါသည်။
အိမ်မွေးတိရစ္ဆာန်၏ အရှည်နှင့် အလေးချိန်ကို ကန့်သတ်ချက်များလည်း ရှိပါသည်။ ထို့ကြောင့် အသေးစိတ် သိရအောင် ကျွန်ုပ်တို့၏ နေထိုင်မှုအကြံပေးစင်တာကို ဆက်သွယ်ပါ။ သို့မဟုတ် အိမ်ခန်းသွားကြည့်ချိန်၌ ကျွန်ုပ်တို့အား မေးမြန်းပါ။
※ကျွန်ုပ်တို့သည် အိမ်မွေးတိရစ္ဆာန် တစ်ကောင်ထက်ပို၍ လက်မခံကြောင်း သတိပြုပါ။
တစ်ဦးချင်း စာချုပ်များအတွက် အောက်ပါစာရွက်စာတမ်းများဖြင့် လျှောက်ထားရန် လိုအပ်ပါသည်-
1. ဓာတ်ပုံပါသော ID ကဒ်ပြား(ဇိုင်းလျူးကဒ်)
2. ဝင်ငွေအထောက်အထား မိတ္တူ (နောက်ဆုံးရရှိထားသော လစာဖြတ်ပိုင်း၊ လစာ စာရင်းရှင်းတမ်း၊ ပင်စင်လက်မှတ်ဖြတ်ပိုင်း)
3. ဘဏ်စာအုပ် မိတ္တူ (သင်လစာ ရရှိသော အကောင့်၏ ဘဏ်စာအုပ်နှင့် အိမ်ငှားခ ပေးချေရာတွင် သင်အသုံးပြုလိုသော အကောင့်)
4. အာမခံ စာရွက်စာတမ်းများ
※စီစစ်မှု လုပ်ငန်းစဉ်ပေါ်မူတည်၍ အခြားစာရွက်စာတမ်းများကို လိုအပ်နိုင်ပါသည်။ မေးစရာတစ်ခုခုရှိပါက Sumai Soudan Center (နေထိုင်မှုအကြံပေးစင်တာ) ထံ ဆက်သွယ်ပါ။
နောက်လ အိမ်ငှားခနှင့် အခြားအခကြေးငွေများကို လတစ်လ၏ သတ်မှတ်နေ့ရက်တွင် အလိုလျောက်ငွေနုတ်ယူခြင်းစနစ် (direct debit) ဖြင့် ပေးချေရမည်။
အိမ်မပြောင်းရွှေ့မီ အလိုလျောက်ငွေနုတ်ယူခြင်းစနစ်အတွက် ဘဏ်အကောင့် မှတ်ပုံတင်ခြင်း ဆောင်ရွက်ထားရပါမည်။
သင့်ဘဏ်အကောင့်ကို အွန်လိုင်းတွင် မှတ်ပုံတင်ပါက inkans (အမည်တံဆိပ်တုံး) မလိုအပ်ပါ။
စာချုပ်ကို 24 လအတွင်း ပယ်ဖျက်လျှင် ပယ်ဖျက်မှုဒဏ်ကြေး ကောက်ခံပါလိမ့်မည်။
・ 12 လအတွင်း ပယ်ဖျက်လျှင်- အိမ်ငှားခ၏ 3 လစာ
・ 24 လအတွင်း ပယ်ဖျက်လျှင်- အိမ်ငှားခ၏ 2 လစာ
သန့်ရှင်းရေးအခကြေးငွေ - အိမ်ငှားကာလ မည်မျှရှိသည်ဖြစ်စေ၊ တိုက်ခန်းမှ ထွက်ခွာသောအခါ သန့်ရှင်းရေးအခကြေးငွေ ကောက်ခံပါလိမ့်မည်။
・မဖြစ်မနေပေးရသော သန့်ရှင်းရေးအခကြေးငွေ- ယန်း1,210 /m² (အခွန်ပါဝင်ပြီး)
လျှောက်လွှာပုံစံများ ဖြည့်ပြီး လိုအပ်သော စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ပါ။
လျှောက်လွှာပုံစံများတွင် ပါဝင်သော စစ်ဆေးရန်အချက်များကို အသုံးပြုကာ စာရွက်စာတမ်း အားလုံး သေချာပြင်ဆင်ပါ။
ကျွန်ုပ်တို့၏ အိမ်ငှားစာချုပ်အားလုံးသည် 2 နှစ်စာချုပ် ဖြစ်ပါသည် (2 နှစ်တစ်ကြိမ် သက်တမ်းတိုးပါမည်)။ အခြားမည်သည့် ကာလတို စာချုပ်မျှ မကမ်းလှမ်းပါ။
စာချုပ်ကို 24 လအတွင်း ပယ်ဖျက်လျှင် ပယ်ဖျက်မှုဒဏ်ကြေး ကောက်ခံပါလိမ့်မည်။ (12 လအတွင်း ပယ်ဖျက်လျှင်- အိမ်ငှားခ၏ 3 လစာနှင့် 24 လအတွင်း ပယ်ဖျက်လျှင်- အိမ်ငှားခ၏ 2 လစာ)
※ကားပါကင်နေရာ သက်တမ်းရပ်စဲပါကလည်း ဒဏ်ကြေး ကျသင့်ပါမည်။
သင်သွားကြည့်ထားသော တိုက်ခန်းကိုသာ လျှောက်ထားရန် ယေဘုယျအားဖြင့် တောင်းဆိုပါည်။
ကျွန်ုပ်တို့ထံ ဆက်သွယ်လျှင် အခြားတိုက်ခန်းကို ကူညီရှာဖွေပေးပါမည်။
လက်ရှိတွင် မရနိုင်သော တိုက်ခန်းများကို လျှောက်လွှာလက်မခံပါ။ သို့သော် စောင့်ဆိုင်းနိုင်သော စာရင်းဖြင့် ဝန်ဆောင်မှုပေးသည့်အတွက် တိုက်ခန်းများ ရရှိသောအခါ သင့်အား အသိပေးနိုင်ပါသည်။
လျှောက်လွှာများကို ဦးရာလူစနစ်ဖြင့် လက်ခံကြောင်း သတိပြုစေလိုပါသည်။
စောင့်ဆိုင်းနိုင်သော စာရင်းဖြင့် ဝန်ဆောင်မှုကို ရယူလိုပါက Sumai Soudan စင်တာ(နေထိုင်မှုအကြံပေးစင်တာ) သို့ ဆက်သွယ်ပေးပါ။
အောက်ပါ အကျိုးခံစားခွင့်များကို ကျွန်ုပ်တို့ပေးအပ်ပါသည်-
・ပံ့ပိုးမှုပမာဏအတွင်း အိမ်ငှားခ (တစ်လစာအိမ်ငှားခနှင့် ညီမျှသော ပမာဏ (အများဆုံး ယန်း30,000ဖိုး )) အိမ်ပြောင်းရွှေ့ရန် ပြန်အမ်းငွေထောက်ပံ့ခြင်း
・တစ်လစာ အိမ်ငှားခ အခမဲ့
・ပြောင်းရွှေ့မှု လျှော့ဈေးကူပွန်
・မိတ်ဆွေကို မိတ်ဆက်ပေးသည့် ခံစားခွင့် (မိတ်ဆက်ပေးသူအား ယန်း10,000 QUO ကဒ်ကို ပေးပါမည်၊ မိတ်ဆွေဖြစ်သူ (အိမ်ငှားအသစ်) အားလည်း တစ်လစာ အိမ်ငှားခ အခမဲ့ ပေးပါမည်)
※အချို့သောအိမ်ရာများသည် အချို့ခံစားခွင့်များနှင့် မသက်ဆိုင်ပါ။ အသေးစိတ်အား အခန်းကြည့်ရှုစဉ်တွင် ရှင်းပြပါမည်။
ဟုတ်ကဲ့။ အိမ်ငှားသူသည် သက်ဆိုင်ရာ ကုမ္ပဏီတိုင်းကို တိုက်ရိုက်ဆက်သွယ်လျှောက်ထားရပါမည်။
ကုမ္ပဏီတစ်ခုချင်းစီအား ဆက်သွယ်ရန် အချက်အလက်များကို အိမ်ငှားစာချုပ်ဖြင့်ထောက်ပံ့ပေးပါမည်။
အိမ်ငှားစာချုပ် အပြီးသတ် လက်မှတ်ရေးထိုးခြင်း၊ ဘဏ်အကောင့် မှတ်ပုံတင်ကာ ကနဦး ကုန်ကျစရိတ်များနှင့် မီးအာမခံကြေးကို ပေးချေခြင်းတို့ ပြီးစီးပါက တိုက်ခန်းတာဝန်ခံထံမှ သော့ရရှိနိုင်ပါသည်။
Village House အိမ်ရာများတွင် နေထိုင်သူများမှာ တစ်ဦးချင်း နေထိုင်သူ၊ မိသားစု၊ နိုင်ငံခြားသား စသည်ဖြင့် စုံလင်ကွဲပြားကြပါသည်။
နေထိုင်သူအားလုံး အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် အမှိုက်ပစ်ခြင်း၊ အသံဆူညံခြင်းနှင့် အခြားနေထိုင်ရေး စည်းကမ်းချက်များနှင့် ပတ်သက်၍ သင့်ဘက်မှသေချာလိုက်နာရပါမည်။


