ဖုန်းဆက်မေးမြန်းရန် 0120-099-455
Village House၏လစဥ်ငှားရမ်းသည့်ကားပါကင်ကို ရှာ‌ဖွေခြင်း

Village House၏လစဥ်ငှားရမ်းသည့်ကားပါကင်ကို ရှာ‌ဖွေခြင်း

သင်ပြောင်းရွေ့သည့်နေရာအသစ် သို့မဟုတ် အလုပ်သွားအလုပ်ပြန်ဖို့အတွက် ကားပါကင်ရှာဖွေချင်သော်လည်း ကားပါကင်ရှာဖွေဖို့ခက်ခဲတယ်လို့ ခံစားဖူးပါသလား? ဒါမှမဟုတ် လုပ်ထုံးလုပ်နည်းတွေ ရှုပ်ထွေးခြင်း၊ ကိုယ်တိုင်သွားမှသာ စာချုပ်ချုပ်ဆိုလို့ရခြင်း အစရှိသည့် အဲ့လိုမျိုး အနည်းငယ်အဆင်မပြေမှုမျိုး တွေက သင့်အတွက် မမျှော်လင့်ထားမိတဲ့ စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်စေပါသည်။ Village House ရဲ့ လစဥ်ငှားရမ်းနိုင်တဲ့ ကားပါကင်က နေထိုင်နေသူများအတွက်ကော နေထိုင်သူမဟုတ်သူများအတွက်ပါ အလွယ်တကူအသုံးပြုနိုင်ပါသည်။

Village House လစဉ်ငှားရမ်းနိုင်သည့် ကားပါကင်၏ အဓိက အားသာချက် ၃ ချက်

မည်သူမဆို အသုံးပြုနိုင်သော လစဥ်ငှားရမ်းနိုင်သည့်ကားပါကင်

Village House၏ လစဥ်ငှားရမ်းနိုင်သည့် ကားပါကင်များသည် နေထိုင်သူများအတွက်သာမက ပတ်ဝန်းကျင်ရှိ ဒေသခံများ၊ အလုပ်သွားရန် အသုံးပြုမည့်သူများ အစရှိသည့် မည်သူမဆိုအသုံးပြုနိုင်ပါသည်။

အငှားအိမ်ရာအတွင်းရှိ စနစ်တကျ စီမံခန့်ခွဲထားသော ကားပါကင်

Village House၏ လစဥ်ငှားရမ်းနိုင်သည့်ကားပါကင်သည် Village House၏ အိမ်ရာများနှင့် အတူတွဲဖက် တည်ဆောက်ထားခြင်းဖြစ်ပါသည်။ ထို့အတွက် တာဝန်ရှိသူက ပုံမှန်ကင်းလှည့်ပေးခြင်း တရားမဝင် ယာဥ်ရပ်နားခြင်း အစရှိသည်တို့ကို စစ်ဆေးပေးလျက်ရှိပါသည်။ ဒီလိုမျိုး အသေးစိတ် ဂရုတစိုက် စီမံကြီးကြပ်ပေးသည့်အတွက် လုံခြုံစိတ်ချမှုရှိပြီး ကားရပ်နားသည့်အခါ ကြုံတွေ့ရသည့် စိုးရိမ်ပူပန်မှုများ သက်သာလျော့နည်းစေပါသည်။

အွန်လိုင်းမှ စာချုပ်ချုပ်ဆိုခြင်းကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်ခြင်း

စာချုပ်ချုပ်ဆိုခြင်းမှ စတင်အသုံးပြုနိုင်သည်အထိ မြန်ဆန်ပြီး အဆင်ပြေချောမွေ့စွာဖြင့် အွန်လိုင်းပေါ်မှ အကုန်အပြီးသတ်လုပ်ဆောင်နိုင်ပါသည်။ နားမလည်သည့်အချက်များရှိပါက ကျွန်ုပ်တို့၏ Call Center မှ ဖုန်းဖြင့် သေသေချာချာ ဖြေကြားပေးသည့်ဝန်ဆောင်မှုများရှိသည့်အတွက် ယခုမှစတင်အသုံးပြုမည့်သူများပါ စိတ်ချလက်ချ အသုံးပြုနိုင်ပါသည်။ လုပ်ငန်းစဥ်များကလည်း ရိုးရှင်းပြီး ထိရောက်မှုရှိသည့်အတွက်ကြောင့် အလုပ်များသည့်သူများအနေဖြင့်လည်း ကိုယ်တိုင်အချိန်ပေးပြီး စာချုပ်ချုပ်ဆိုနိုင်ပါသည်။

Village House ကားပါကင်ဖြင့် သင့်နေထိုင်မှုဘဝကို ပိုမိုအဆင်ပြေချောမွေ့စွာ စတင်လိုက်ပါ။ စုံစမ်းမေးမြန်းလိုပါက website သို့မဟုတ် Call Center သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Village House၏လစဥ်ငှားရမ်းနိုင်သည့် ကားပါကင်နှင့်ပတ်သက်၍ အမေးများသည့် မေးခွန်းများ

  1. Q

    1. Village House အိမ်ရာရှိ လစဥ်ငှားရမ်းနိုင်သည့် ကားပါကင်ကို နေထိုင်သူမဟုတ်လည်းပဲ အသုံးပြုလို့ရပါသလား?

    A

    ဟုတ်ကဲ့၊ Village House ၏ လစဥ်ငှားရမ်းနိုင်သည့် ကားပါကင်ကို နေထိုင်သူမဟုတ်သည့်သူများလည်း အသုံးပြုနိုင်ပါသည်။ လက်ကျန်နေရာလွတ် သို့မဟုတ် အသုံးပြုမှုဆိုင်ရာ လမ်းညွှန်ချက်များနှင့် ပတ်သက်၍ လွတ်လပ်စွာ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

  2. Q

    2. လစဥ်ငှားရမ်းသည့်ကားပါကင်နေရာသည် အစီးအ‌ရေအတွက်ဘယ်လောက်ထိ ငှားရမ်းနိုင်ပါသလဲ?

    A

    လစဥ်ငှားရမ်းသည့်ကားပါကင်နေရာကို အသုံးပြုနိုင်သော အစီးအရေအတွက်သည် သက်ဆိုင်ရာတိုက်ခန်းအလိုက် ကွဲပြားခြားနားပါသည်။ သင်အလိုရှိသည့်အိမ်ရာ သို့မဟုတ် ဧရိယာ၏ လက်ကျန်နေရာလွတ်နှင့် ပတ်သက်သည့် အခြေအနေအသေးစိတ်ကို သိရှိဖို့ရန်အတွက် တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

  3. Q

    3. လစဥ်ငှားရမ်းသည့်ကားပါကင် ငှားရမ်းသည့်အခါ လိုအပ်သည့် စာရွက်စာတမ်းများက ဘာတွေလဲ?

    A

    အောက်ဖော်ပြပါ စာရွက်စာတမ်းများ လိုအပ်ပါသည်။

    (တစ်ဦးချင်းလျှောက်ထားသူများအတွက်)

     စာချုပ်ချုပ်ဆိုသူ၏မှတ်ပုံတင် (နိုင်ငံခြားသားဆိုပါက နေထိုင်ခွင့်ကဒ် (ဇိုင်းလျူးကဒ်) ပါ လိုအပ်ပါသည်)

     အသုံးပြုမည့်သူ၏ ယာဥ်မောင်းလိုင်စင် (နှစ်ဖက်စလုံး)

     အသုံးပြုမည့်ယာဥ်၏ ယာဥ်စစ်ဆေးမှုမှတ်ပုံတင်လက်မှတ်

    (ကုမ္ပဏီ (အဖွဲ့အစည်း) ဖြင့် လျှောက်ထားသူများအတွက်)

     ကုမ္ပဏီ မှတ်ပုံတင်မိတ္တူ

     အသုံးပြုမည့်သူ၏ ယာဥ်မောင်းလိုင်စင် (နှစ်ဖက်စလုံး)

     အသုံးပြုမည့်ယာဥ်၏ ယာဥ်စစ်ဆေးမှုမှတ်ပုံတင်လက်မှတ်

  4. Q

    4. လစဥ်ငှားရမ်းသည့်ကားပါကင်၏ သက်ဆိုင်ရာနေရာ၌ စီမံကြီးကြပ်ပေးမှုရှိပါသလား?

    A

    ကားပါကင်အားလုံးသည် Village House အိမ်ရာနှင့် တွဲဖက်တည်ရှိနေသည့်အတွက် တာဝန်ရှိသူက ပုံမှန်ကင်းလှည့်ပေးခြင်း တရားမဝင် ယာဥ်ရပ်နားခြင်း အစရှိသည်တို့ကို စစ်ဆေးပေးလျက်ရှိပါသည်။

  5. Q

    5. လစဥ်ငှားရမ်းသည့်ကားပါကင်ကို စတင်အသုံးပြုသည့်အခါ ကနဦးကုန်ကျစရိတ်တွေ ရှိပါသလား?

    A

    ဟုတ်ကဲ့၊ စာချုပ်စတင်ချုပ်ဆိုသည့်လ (ရက်ပေါ်မူတည်၍တွက်မည်) + နောက်လအတွက် ငှားရမ်းခ + စပေါ်ငွေ 1လစာကျသင့်ပါမည်။

ဖုန်းဆက်
မေးမြန်းရန်
ဖုန်းဆက်မေးမြန်းရန် 0120-099-455