Refer-A-Friend

Village House တိုက်ခန်းများတွင် အိမ်ငှားအသစ်တစ်ယောက်ကို သင်မိတ်ဆက်ပေးသောအခါ
မိတ်ဆက်ပေးသူက ရရှိသည်-ယန်း10,000 Quo ကဒ် လက်ဆောင်။
အိမ်ငှားအသစ်က ရရှိသည်- 1 လစာ အခမဲ့ အိမ်ငှားခ။
နောက်ထပ်အသေးစိတ်အချက်များ သိရှိရန် စုံစမ်းမေးမြန်းပါ

0120-905-282

0120-905-282

ကျွန်ုပ်တို့ထံ အီးမေးလ်ပို့ပါ

ကျွန်ုပ်တို့၏ သူငယ်ချင်း မိတ်ဆက်ပရိုဂရမ်စနစ်သည် သင်နှင့် သင့်သူငယ်ချင်းကို အကျိုးပြုပါသည်။

သင့်သူငယ်ချင်းအား Village House တိုက်ခန်းများကို မိတ်ဆက်ပေးပါက ယန်း10,000 QUO ကဒ်ကို ရရှိပါမည်။ သင့်သူငယ်ချင်းသည် တစ်လစာ အခမဲ့ အိမ်ငှားခကိုလည်း ရရှိမည်ဖြစ်သည်။

သင့်သူငယ်ချင်းကို Village House တိုက်ခန်းများသို့ ညွှန်းဆိုပါ

သင့်သူငယ်ချင်း၏ လျှောက်လွှာပုံစံတွင် သင့်အချက်အလက်များကို ထည့်သွင်းပါ

သင့်သူငယ်ချင်း ပြောင်းရွှေ့ပြီးနောက် 7 လမှ 8 လခန့် စောင့်ပါ

QUO ကဒ်ကို သင်လက်ခံရရှိပြီး သင့်သူငယ်ချင်းသည် တစ်လစာ အခမဲ့ အိမ်ငှားခကို ရရှိပါသည်

[သူငယ်ချင်း မိတ်ဆက်ပရိုဂရမ်စနစ်အတွက် ကိုက်ညီမှုရှိသော အခြေအနေများ]

အိမ်ငှားအသစ် (သင့်သူငယ်ချင်း) ကို ကျွန်ုပ်တို့ စိစစ်မှုအပြီးတွင် မပြောင်းရွှေ့မီ ကျွန်ုပ်တို့နှင့် အိမ်ငှားစာချုပ် ချုပ်ဆိုရပါမည်။

အိမ်ငှားအသစ် (သင့်သူငယ်ချင်း) တင်သွင်းသော ငှားရမ်းမှု လျှောက်လွှာတွင် သင့်အမည်၊ လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် မွေးသက္ကရာဇ်၊ သင်က Village House တိုက်ခန်းတွင် အိမ်ငှားနေသူဟုတ်၊ မဟုတ် စသည့်အချက်များ ပါဝင်ရပါမည်။

အိမ်ငှားစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် အိမ်ငှားအသစ် (သင့်သူငယ်ချင်း) သည် ကျွန်ုပ်တို့ သတ်မှတ်ထားသော အချိန်ကာလအတွင်း အိမ်ငှားခ သို့မဟုတ် အခြားအခကြေးငွေများ (ဘုံဝန်ဆောင်ခနှင့် ကားပါကင်ခစသည့် အိမ်ငှားစာချုပ်၌ ဖော်ပြထားသည့် အခကြေးငွေအားလုံး အပါအဝင်) ကို ပေးဆောင်ရမည့် အချိန်ထက် လုံးဝနောက်မကျရပါ။ ထို့ပြင် သူငယ်ချင်း မိတ်ဆက်ပရိုဂရမ်စနစ်အရ ပေးထားသည့် အခမဲ့ အိမ်ငှားခ ရရှိသောလ၏ နောက်ဆုံးနေ့အထိ ဆက်လက်အိမ်ငှားရပါမည်။ (အိမ်ငှားအသစ်သည် ကုမ္ပဏီအမည်ဖြင့်စာချုပ်ချုပ်ဆိုပြီး အိမ်ခန်းများစွာ ငှားရမ်းပါက ငှားရမ်းထားသော အိမ်တိုင်းအတွက် ဤသတ်မှတ်ချက်နှင့် ကိုက်ညီရပါမည်။)

အိမ်ငှားအသစ်တစ်ဦးအတွက် အိမ်ခြံမြေ တစ်ခုလျှင် သူငယ်ချင်းတစ်ဦးထက်ပို၍ မိတ်ဆက်ခြင်း မပြုရပါ။

ကုမ္ပဏီအမည်ဖြင့်စာချုပ်ချုပ်ဆိုပြီး အသစ်ဝင်ရောက်နေထိုင်မည့်သူ အများအပြား အတွက်အိမ်ခန်းများငှားမည်ဆိုပါက၊ ကုမ္ပဏီ တစ်ခုလျှင် မိတ်ဆက်သူ တစ်ဦးသာ လက်ခံပါမည်။ အခမဲ့ငွေပေးချေခွင့်ပေးခြင်းနှင့် QUO ကဒ်ပေးခြင်းများကို အသစ်ဝင်ရောက်နေထိုင်မည့်အိမ်ခန်းအရေအတွက်အလိုက် တွက်ချက်၍ပေးမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့ထံမိတ်ဆက်ပေးသော အိမ်ငှားအသစ်အရေအတွက် ကန့်သတ်ချက်မရှိပါ။ သင်က ပုဂ္ဂလိက သို့မဟုတ် ကုမ္ပဏီအမည်ဖြင့်စာချုပ်ချုပ်ဆိုခြင်းအတွက် အသစ် ငှားရမ်းသူများစွာကို မိတ်ဆက်ပေးပါက အိမ်ငှားအသစ် တစ်ဦးစီအတွက် အထက်ဖော်ပြပါ အကျိုးကျေးဇူးများကို သင်ရရှိပါမည်။

*

အထက်ပါအခြေအနေများအားလုံး ကိုက်ညီပါက အိမ်ငှားအသစ် (သင့်သူငယ်ချင်း) သည် တစ်လစာ အိမ်ငှားခ အခမဲ့ ရရှိမည်ဖြစ်ပြီး ညွှန်းဆိုပေးသူ (သင်) က ငှားရမ်းကာလ စတင်ပြီးနောက် 7 လမှ 8 လအတွင်း QUO ကဒ်ကို ရရှိပါမည်။ (ဤသည်မှာ အိမ်ငှားအသစ်အတွက် ငှားရမ်းမှု စည်းကမ်းချက်များပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။)

*

ကျွန်ုပ်တို့၏ စိစစ်မှု ရလဒ်များအပေါ်အခြေခံ၍ QUO ကဒ်ကို သင့်အားမပေးအပ်ရန် ကျွန်ုပ်တို့ အခွင့်အာဏာရှိပါသည်။ (ကဒ်ကို မပေးရခြင်း အကြောင်းအရင်းကို ထုတ်ပြောမည်မဟုတ်ပါ။)

*

သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သူငယ်ချင်း မိတ်ဆက်ပရိုဂရမ်စနစ်နှင့် ဆက်စပ်၍သာ အသုံးပြုမည်ဖြစ်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေး အက်ဥပဒေနှင့်အညီ ကိုင်တွယ်ဆောင်ရွက်ပါမည်။

ကျွန်ုပ်တို့၏ သူငယ်ချင်းမိတ်ဆက်ပေးခြင်းကို အထူးကြိုဆိုခြင်း အစီအစဉ်အကြောင်း အသေးစိတ်ကို ဤနေရာတွင် စုံစမ်းပါ-

0120-905-282

0120-905-282

Email Us

Business Hours: Weekdays 9:00-18:00

(Weekdays only, excluding public holidays)

ဖုန်းဆက်
မေးမြန်းရန်
ဖုန်းဆက်မေးမြန်းရန် 0120-266-078